ကျွန်ုပ်တို့အကြောင်း
Burma Lex သည် ဥပဒေအသိပညာနှင့် တာဝန်ယူမှုတို့ကို သိရှိခြင်းမှတစ်ဆင့် ရေရှည်တည့်တံ့သော တရားမျှတမှုအတွက် အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ဖန်တီးထားသော ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။
ဤပလက်ဖောင်းကို Comsight Innovative Solution Co., Ltd. မှ ပံ့ပိုးပေးထားပြီး -
- - အလုပ်သမားဥပဒေရေးရာများ (Labour Laws) ၊
- - လူ့စွမ်းအားအရင်းအမြစ် (HR) ၊
- - လိုက်နာဆောင်ရွက်မှု (Compliance) ၊
- - တာဝန်ယူမှုရှိသော စီးပွားရေး (Responsible Business) တို့အပါအဝင်
- - ရေရှည်တည်တံ့ခိုင်မြဲရေး (Sustainability) နှင့်
- ဥပဒေဆိုင်ရာအထောက်အကူပေးရေးတို့အတွက် ဦးတည် ဖန်တီးထားသော ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ဥပဒေရေးရာအကူအညီ၊ ယုံကြည်စိတ်ချရသော ဥပဒေအရင်းအမြစ်များ၊ ကျွမ်းကျင်ပညာရှင်များသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခွင့်တို့ကို ပံ့ပိုးပေး၍ အလုပ်သမားဥပဒေများနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအတွက် လုံခြုံစိတ်ချရမှုရှိသော သီးသန့်ရပ်ဝန်းတစ်ခုကို ဖန်တီးပေးခြင်းအားဖြင့် လူမှုအဖွဲ့အစည်းသို့ အကျိုးစီးပွားဖော်ဆောင်မျှဝေပေးရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် HR၊ Risk & Compliance နှင့် ဥပဒေရေးရာနယ်ပယ်များရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ရေးရာများ၊ အလုပ်သမားဥပဒေများနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို လက်လှမ်းမီရုံသာမက လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ရည်ရွယ်ချက်များ
- ဥပဒေအသိပညာပြန့်ပွားရေးနှင့် တရားမျှတမှုရရှိရေးအတွက် လမ်းညွှန်မှုများပေးအပ်ရန်၊
မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေရေးရာများ၊ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုများအပါအဝင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များအတွက် တိကျသေချာ၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပေးအပ်ရန်၊
- လုပ်ငန်းခွင်ဆိုင်ရာ အကူအညီပေးမှုများအပါအဝင် ဥပဒေအထောက်အကူပြုမှုနှင့် ပံ့ပိုးမှုများအတွက် လူ့စွမ်းအားအရင်းအမြစ် (HR)၊ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု (Risk Management) နှင့် လိုက်နာဆောင်ရွက်မှု (Compliance) ဆိုင်ရာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များအား လွယ်လင့်တကူ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ရေးအတွက် ပံ့ပိုးပေးရန်၊
စီးပွားရေးလုပ်ငန်းများနှင့်
အဖွဲ့အစည်းများ ရေရှည်တည်တံ့စွာ
တိုးတက်မှုရရှိစေရန်နှင့်
တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ
ကျင့်ဝတ်များနှင့်
အလေ့အကျင့်များကို
မြှင့်တင်ရန်အတွက်
၎င်းတို့ကြုံတွေ့နေရသော
စိန်ခေါ်မှုများအား
ကျော်လွှားနိုင်ရေးအတွက်
လမ်းညွှန်ကူညီပေးရန်။
ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ

အောင်ခိုင်
Founding Member
Burma Lex ၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး ပြည်တွင်းရှိ အဖွဲ့အစည်းကြီးများတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၁၁ နှစ်ကျော်ရှိသူဖြစ်သည်။ ၎င်းသည် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းအပါအဝင်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုက်နာဆောင်ရွက်မှု နယ်ပယ်တို့တွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါသည်။
မောင်သစ္စာ (ဟံသာဝတီ) ဟူသော ကလောင်အမည်ဖြင့် HR နှင့် Regulatory Compliance ဆိုင်ရာဆောင်းပါးများရေးသားခြင်း၊ ဥပဒေအသိပညာပြန့်ပွားရေး
နှင့် တရားမျှတမှုရရှိရေးကို အထောက်အပံ့ဖြစ်စေသော လှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ပါသည်။

ဆွေမျိုးမြတ်သစ်
Co-founding Member
သူသည် LL.B ဘွဲ့ရရှိသူတစ်ဦးဖြစ်ပြီး Burma Lex ၏ပူးတွဲ တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် Comsight Innovative Solution တွင်လည်း Co-founder တစ်ဦးအနေဖြင့် HR & Regulatory Compliance Services များကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သောလှုပ်ရှားဆောင်ရွက်မှုများတွင် လိုအပ်သည့်ပံ့ပိုးကူညီမှုများပေးအပ်နေသူဖြစ်ပါသည်။