Skip to Content

Know Your Rights 

ဘာကြောင့် အခွင့်အရေးနဲ့ တာဝန်တွေကို အလုပ်ရှင်ရော၊ အလုပ်သမားရောသိထားသင့်သလဲ။


မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိထားခြင်းသည် အလုပ်ခွင်ဆက်ဆံရေး သဟဇာတဖြစ်စေရန်နှင့် တရားမျှတမှုရှိစေရန် အလွန်အရေးကြီးပါသည်။ 

အလုပ်သမားများသည် အလုပ်သမားဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဥပဒေများတွင်ပါဝင်သည့် ရပိုင်ခွင့်များအကာအကွယ်နှင့် အကျိုးခံစားခွင့်အားလုံးကို ခံစားခွင့်ရှိပါသည်။

🧾 မိမိ၏ အခွင့်အရေးများကို သိရှိထားခြင်းဖြင့် ဥပဒေပါခံစားခွင့်များဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်ပါသည်။ 

ထို့အတူ

အလုပ်ရှင်သည် ဥပဒေအရ ချမှတ်ထားသော အခွင့်အရေးများကို သိရှိ၍ လိုက်နာဆောင်ရွက်ခြင်း၊ စနစ်တကျလုပ်ငန်းစီမံခန့်ခွဲခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ဆက်ဆံရေးတည်ဆောက်ရာတွင် ပိုမိုကောင်းမွန်လာမှု၊လုပ်ငန်းခွင်အေးချမ်းသာယာမှု၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မှုတို့ကို ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

🧾 ဥပဒေအရမိမိ၏ အခွင့်အရေးများနှင့် တာဝန်များကို သိရှိကျင့်သုံးခြင်းသည် အလုပ်ရှင်တစ်ဦးအနေနှင့် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုကိုဖော်ဆောင်ရာတွင် မဖြစ်မနေလိုအပ်သော လုပ်ငန်းဆောင်ရွက်မှုဖြစ်ပါသည်။

အလုပ်သမားများ၏ အခွင့်အရေးများ

အလုပ်ရှင်များ၏ အခွင့်အရေးများ

အလုပ်သမားများ၏ တာဝန်ဝတ္တရားများ

အလုပ်သမားသည် လုပ်ငန်း၏လိုအပ်ချက်အရ ထုတ်ပြန်ထားသော လုပ်ငန်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

လုပ်ငန်းခွင်အတွင်းသို့ မဝင်ရောက်မှီ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားသော လုပ်ငန်းခွင်အကာအကွယ်ပေးရေးပစ္စည်းများကို စနစ်တကျဝတ်ဆင်ရမည်။

လုပ်ငန်းခွင်နှင့် အလုပ်ချိန်အတွင်းမူးယစ်ဆေးဝါးများကို သောက်စားခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စိတ်ငြိုငြင်အောင်နှောက်ယှက်ခြင်း၊ အန္တရာယ်ပေးခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်းများမပြုလုပ်ရ။

အလုပ်ရှင်မှ ကြိုတင်ဖွင့်ဟထားသည့် လျှို့ဝှက်အပ်သော သတင်းအချက်အလက်များကို   ပြင်ပသို့ မပေါက်ကြားအောင်ထိန်သိမ်းရမည်။ အခွင့်အမိန့်မရှိဘဲ လုပ်ငန်းနှင့်ဆိုင်သော စာရွက်စာတမ်းများ၊ စာရင်းများ၊ မှတ်တမ်းများကို ထုတ်နှုတ်အသုံးပြုခြင်း၊ ကူးယူခြင်း၊ ဖယ်ရှားခြင်း၊ ဖောက်ဖျက်ခြင်း၊ ပြင်ပသို့ ယူဆောင် သွားခြင်းမပြုရ။

အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များညှိနှိုင်းသဘောတူညီထားသည့် အခါအားလျော်စွာထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရမည်။

အလုပ်သမားသည် တည်ဆဲဥပဒေအတိုင်း ထည့်ဝင်ပေးဆောင်ရမည့် အခွန်အခများကို သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်။

တည်ဆဲအလုပ်သမားရေးရာဥပဒေများကိုလေးစားလိုက်နာရမည်။

ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။

အလုပ်ရှင်များ၏ တာဝန်ဝတ္တရားများ

အသင်းအဖွဲ့ဝင်ဖြစ်မှု၊ လူမျိူး၊ ဘာသာ၊ ကျား/မ၊ အသက်ရွယ်ကွာခြားမှုအပေါ်မူတည်၍ ခွဲခြား ဆက်ဆံခြင်း၊ တန်းတူအခွင့်ရေးမပေးခြင်းတို့ကိုမပြုလုပ်ရ။

မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့်နိုင်ငံခြားသား အလုပ်ရှင်များ၊ ကြီးကြပ်သူများ၊ ပညာရှင်များနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာမည်။

တည်ဆဲ အလုပ်သမားရေးရာဥပဒေများ အပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲအခြားဥပဒေများကို လေးစားလိုက်နာမည်။

ဥပဒေနှင့်အညီတရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်။

အလုပ်ရှင်သည် အလုပ်သမားများ၏ရပိုင်ခွင့်များ ခံစားခွင့်များနှင့် စပ်လျဉ်း၍ အလုပ်သမားများအား ပွင့်လင်းစွာအသိပေးထားမည်။

အလုပ်ရှင်သည် လုပ်ငန်း၏လိုအပ်ချက်အရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေးဆောင်ရွက်ရမည်။