Skip to Content

Compliance Management Committee ကို ဘယ်လို စတင်ဖွဲ့စည်းကြမလဲ။

စီးပွားရေးလုပ်ငန်းအရွယ်အစားအမျိုးမျိုးအလိုက် လုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုတာဝန်ရှိသူများအနေဖြင့် မိမိတို့လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်း၏ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများကို အသုံးပြုနေသည့် ဖောက်သည်များ၏ ယုံကြည်မှု ရရှိစေရန်၊ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ကောင်းမွန်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် မလိုလားအပ်သော ဆုံးရှုံးမှုများကို ကာကွယ်ရန်စသည့် ရည်ရွယ်ချက်များကို ရရှိအောင်ဆောင်ရွက်ရန်အတွက် Compliance Management ကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် Compliance Management Committee ကိုအောက်ပါလမ်းညွှန်မှုများပါဝင်သော ကော်မတီအား ဖွဲ့စည်း၍ လုပ်ငန်းလုပ်ဆောင်နိုင်ပါသည်။

လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကော်မတီကို ဖွဲ့စည်းရာတွင် မဖြစ်မနေ ပါဝင်သင့်သော အကြောင်းအရာများ
  • ကော်မတီ၏ ရည်ရွယ်ချက်များကို သတ်မှတ်ခြင်း

  • ကော်မတီဖွဲ့စည်းပုံချမှတ်ခြင်း၊ အဖွဲ့ဝင်များ သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်း

  • ကော်မတီမှ ဆောင်ရွက်မည့်နယ်ပယ်များသတ်မှတ်ခြင်း

  • ကော်မတီ၏ တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း

  • အစည်းအဝေးကျင်းပမည့်နည်းလမ်းများနှင့် အချိန်ဇယားများကို သတ်မှတ်ခြင်း

  • လိုက်နာဆောင်ရွက်မှုများကိုဆောင်ရွက်ရန် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်ရန် ရည်ညွှန်းချက်များချမှတ်ခြင်း

  • လိုက်နာဆောင်ရွက်ခြင်း၏ လုပ်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို စောင့်ကြည့်မည့် နည်းလမ်းများ ချမှတ်ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လမ်းကြောင်းများချမှတ်ခြင်း

  • အကြီးတန်းစီမံခန့်ခွဲမှု ဘုတ်အဖွဲ့သို့ အစီအရင်ခံတင်ပြခြင်း


အထက်ဖော်ပြပါလိုက်နာဆောင်ရွက်မှုဆိုင်ရာ ကော်မတီကို လုပ်ငန်းများတွင် သတ်မှတ်ထားပြီး မိမိတို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်၍ လုပ်ငန်းလုပ်ဆောင်မှုများကို မြှင့်တင်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ကာ ရည်ရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်းများအဖြစ် အသွင်ကူးပြောင်းနိုင်ရန် ကော်မတီကိုဖွဲ့စည်းနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

Radius Compliance & Insight Consulting

Share this post
Tags
လုပ်ငန်းတွေမှာ မိမိတို့ကိုယ်တိုင် Compliance Management ကို ဘယ်လိုစပြီး ဆောင်ရွက်ကြမလဲ။