Skip to Content

လိုက်နာဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းမူဘောင်တွင် အဓိကပါဝင်ရမည့် အစိတ်အပိုင်းများ

Key Components of Compliance Management Framework

  အဖွဲ့အစည်းတိုင်း လုပ်ငန်းတိုင်းတွင် သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းအလိုက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ပြဌာန်းချက်များကို လိုက်နာခြင်း၊ ဆုံးရှုံးနိုင်ချေများကို လျှော့ချခြင်း၊ အဖွဲ့အစည်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်း၏ ဂုဏ်သိက္ခာကျဆင်းမှုမရှိစေရန် ကာကွယ်ခြင်းစသည်တို့ကို ဆောင်ရွက်ရန်အတွက် လိုက်နာဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းမူဘောင်အား သေချာသတ်မှတ်၍ လိုက်နာဆောင်ရွက်မှုအစီအမံကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းမူဘောင်၌ အဓိကပါဝင်သင့်သည့် အစိတ်အပိုင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


၁။ လိုက်နာဆောင်ရွက်မှုကို စီမံကွပ်ကဲမည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်အားသတ်မှတ်ခြင်း

၂။ လုပ်ငန်း အဖွဲ့အစည်းအတွက် ဆုံးရှုံးနိုင်ချေရှိမည့် အကြောင်းအရာများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း

၃။ လိုက်နာဆောင်ရွက်မှု မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း

၄။ သင်တန်းပေးခြင်း နှင့် ဆက်သွယ် သတင်းပို့ရမည့် လမ်းကြောင်းများကို သတ်မှတ်ခြင်း

၅။ လိုက်နာဆောင်ရွက်မှုအစီအမံများကို စောင့်ကြည့်ခြင်းနှင့် သတ်မှတ်ထားသည့် အချိန်ကာလအလိုက် စစ်ဆေးခြင်း

၆။ လိုက်နာဆောင်ရွက်ခြင်းအစီအမံမှ သွေဖယ်သော အကြောင်းအရာကိစ္စရပ်များကို စီမံခန့်ခွဲမည့် လုပ်ထုံး လုပ်နည်းများ ချမှတ်ခြင်း

၇။ စဉ်ဆက်မပြတ်တိုးတက်စေရေး အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

အထက်ဖော်ပြပါ အကြောင်းအရာများသည် လိုက်နာဆောင်ရွက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့အစည်းများအတွက် ကနဦး ချမှတ်အကောင်အထည်သတ်မှတ်ရမည့် အဓိကအကြောင်းအရာများဖြစ်ပြီး လိုက်နာဆောင်ရွက်မှုစီမံခန့်ခွဲခြင်းအစီအမံကို သေချာချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ငန်း အဖွဲ့အစည်းအတွက် မလိုလားအပ်သော ဆုံးရှုံးနိုင်ချေရှိမှုများကို လျှော့ချပေးနိုင်ခြင်း၊ အဖွဲ့အစည်း၏ ကောင်းမွန်သော ပုံရိပ်ကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ စဉ်ဆက်မပြတ်တိုးတက်သော လုပ်ငန်းအဖွဲ့အစည်းပုံစံရပ်တည်မှုကို ပိုမိုခိုင်မာခိုင်စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

Radius Compliance & Insight Consulting

Share this post
Tags
Compliance Management Committee ကို ဘယ်လို စတင်ဖွဲ့စည်းကြမလဲ။