Professional Directory
Find an Expert
လုပ်ငန်းခွင်ဆိုင်ရာ အကူအညီပေးမှုများအပါအဝင် ဥပဒေအထောက်အကူပြုမှုနှင့် ပံ့ပိုးမှုများအတွက် အလုပ်သမားဥပဒေရေးရာ (Labour Laws) ၊ လူ့စွမ်းအားအရင်းအမြစ် (HR)၊ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု (Risk Management) နှင့် လိုက်နာဆောင်ရွက်မှု (Compliance) ဆိုင်ရာကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ် (Business Ethics) တို့အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲရေး (Sustainability) နှင့်ပတ်သက်သည့် ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များအား လွယ်လင့်တကူ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ရေးအတွက် ပံ့ပိုးပေးရန် Burma Lex မှကြိုးပမ်းလျက်ရှိပါသည်။
ဖောက်သည်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနှင့်လည်း မိမိတို့ဆက်သွယ်လိုသော ပညာရှင်များကို အလွယ်တကူ တိုက်ရိုက်ရှာဖွေဆက်သွယ်နိုင်ပါသည်။
MSME နှင့် လူငယ်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်၊ တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် အလေ့အကျင့်များကို မြှင့်တင်ရန်အတွက် လိုအပ်သောအကြံဉာဏ်နှင့်ဆွေးနွေးဆောင်ရွက်မှုများ၊ ဥပဒေရေးရာကိစ္စရပ်များကိုဆွေးနွေးတိုင်ပင်မှုများအပါအဝင်၊ အလုပ်သမားဥပဒေရေးရာကိစ္စရပ်များအတွက် အကူအညီလိုအပ်သူများသည် Voluntary Professional (စေတနာ့ဝန်ထမ်းပညာရှင်အဖွဲ့ဝင်) များသို့တိုက်ရိုက်ဆက်သွယ်၍ အခမဲ့ အကူအညီရယူနိုင်ပါသည်။