Dr. Aung Ko Ko
Ph.D in Business Administration, Doctorate in Business Administration, MSc (HRM), M.B.B.S
ပံ့ပိုးပေးနိုင်သည့် နယ်ပယ် - Corporate Training| Executive Coaching| Leadership Development| Business Consulting| HR Consulting
ဆရာ ဒေါက်တာအောင်ကိုကို သည် သင်ကြားသင်ယူမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ရေးရာဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများ၊ အကြံပေးမှုများတွင် ဆယ်စုနှစ်တစ်ခုအကျော်ရှိပြီး အတွေ့အကြုံရင့်ကျက်၍ သက်ဆိုင်ရာအထူးပြုနယ်ပယ်များတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။ ပညာရေးအနေဖြင့် ဆရာသည် ဆေးတက္ကသိုလ် (၂) မှ MBBS ဘွဲ့ကိုလည်းကောင်း၊ Edinburgh Business School မှ MSc (HRM) ဘွဲ့ကိုလည်းကောင်း၊ North Borneo University College မှ Ph.D (Business Administration) ဘွဲ့နှင့် Twintech International University College of Technology မှ DBA ဘွဲ့တို့ကို ရရှိခဲ့သူဖြစ်ပါသည်။
ဆရာသည် ဘဏ် လုပ်ငန်းအပါအဝင် ပြည်တွင်းရှိလုပ်ငန်းကြီးများတွင် လူ့စွမ်းအားအရင်းအမြစ်ရေးရာများစီမံခန့်ခွဲခြင်း၊ အကြံပေးခြင်း၊ သင်ကြားသင်ယူမှုဆိုင်ရာအထူးကျွမ်းကျင်သူ အခန်းကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်မှစတင်၍ ပုဂ္ဂလိက စီးပွားရေးသင်တန်းကျောင်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များတွင် ဒီပလိုမာ၊ ဘွဲ့နှင့် မဟာဘွဲ့သင်တန်းများတွင် စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်ခန်းစာများကို ပို့ချခဲ့သူဖြစ်ပါသည်။ လက်ရှိတွင် ဆရာသည် Taxila University ၏ လူ့စွမ်းအားအရင်းအမြစ်ရေးရာဆိုင်ရာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဆရာသည် လူငယ်လူရွယ်များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုအရည်အချင်းများနှင့် ခေါင်းဆောင်မှုကိုယ်ရည်ကိုယ်သွေးများ တိုးတက်စေရန် ပံ့ပိုးဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုနည်းစနစ်များ၊ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်မှု၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုတို့တွင် ပါဝင်ဆောင်ရွက်နေသည့်အပြင် သင်ကြားသင်ယူမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ခြင်းနှင့် အကြံပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။