Skip to Content
U Min Khaung
Yangon
Myanmar
minkhaung.mpa@gmail.com

U Min Khaung

MPA, MBA, B.Sc (Zoology), Dip in Logistics Management, Certified KPI Professional (KPI Institute - Australia) 

ပံ့ပိုးပေးနိုင်သည့် နယ်ပယ် - Human Resources

ဆရာဦးမင်းခေါင်သည် AMARA Consulting ၏ Chief Consulting Officer ရာထူးဖြင့် တာဝန်ယူဆောင်ရွက်နေသူဖြစ်ပြီး လုပ်ငန်းခွင်အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိသူဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် Staff Officer ရာထူးမှစတင်ကာ ပြည်တွင်းကုမ္ပဏီကြီးများတွင် ရာထူးအဆင့်ဆင့်ဖြင့် General Manager (Operations & HR) အထိ တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ပါသည်။  ဆရာဦးမင်းခေါင်သည် ၂၀၁၅ ခုနှစ်မှစတင်၍ HR Consultant အဖြစ် အကြံပေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင် ဆရာသည် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်များရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုများ တိုးတက်စေရေးအတွက် အသိပညာဗဟုသုတများ မျှဝေလျက်ရှိသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုဆိုင်ရာနည်းစနစ်များ၊ ခေါင်းဆောင်မှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစီမံခန့်ခွဲမှုများ၊ မဟာဗျူဟာများချမှတ်ခြင်းဆိုင်ရာများစသည့်နယ်ပယ်တို့တွင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် ကိုယ်အား၊ ဉာဏ်အားဖြင့် အသိပညာဗဟုတများကို အားသွန်ခွန်စိုက်မျှဝေနေသူဖြစ်ပါသည်။ 

ဆရာဦးမင်းခေါင်သည် "HR လားဟေ့ ဝင်ခဲ့လေကွယ်" ခေါင်းစဉ်ဖြင့် စာအုပ် ၃ အုပ်ကို ရေးသားထုတ်ဝေခဲ့သည့်အပြင် "မန်နေဂျာတစ်ယောက်မှာ ရှိကိုရှိနေသင့်သည့် အရည်အသွေးများ" စာအုပ်ကို ရေးသားခဲ့သူဖြစ်ပါသည်။