Skip to Content
U Sithu Aung
Yangon
Myanmar
+95 9 963 214466
sithuaung.bizdev@outlook.com

U Sithu Aung

MSESI, B.A (English)

ပံ့ပိုးပေးနိုင်သည့်နယ်ပယ်များ -  စီးပွားရေးတည်တံ့မှု| ဘဏ္ဍာရေးရယူနိူင်မှု| ဘဏ္ဍာရေးဆိုင်ရာပါဝင်နိုင်မှု| တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု

ဦးစည်သူအောင်သည် လူမှုအကျိုးပြုငွေကြေးဝန်ဆောင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက်စီမံခန့်ခွဲမှုများနှင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများအပါအဝင် ဘဏ်လုပ်ငန်းနယ်ပယ်၌ ၁၂နှစ်ကျော်အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ထိပ်တန်းဘဏ်များတွင် စီမံခန့်ခွဲမှုရာထူးအဆင့်ဆင့်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် SHWE Bank ၏ Unit Head of Business and Product Development အဖြစ်လုပ်ကိုင်နေပါသည်။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Business Development)၊ ထုတ်ကုန်ဆိုင်ရာ စီမံခန့်ခွဲမှု (Product Management)၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Operation Management)၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု (Digital Transformation) နှင့် ဘဏ္ဍာရေးဆိုင်ရာ ပါဝင်နိုင်မှု (Financial Inclusion) တို့တွင် ကျွမ်းကျင်သူဖြစ်သည့်အပြင် Pricing Strategy ဖန်တီးမှု၊ ဈေးကွက်ချဲ့ထွင်မှု (Market Expansion) နှင့် Customer Segmentation & Targeting Product Development ဆိုင်ရာ သုတေသနကိစ္စရပ်များတွင် ထိရောက်စွာ လေ့လာသုံးသပ်နိုင်စွမ်းရည်ရှိသည့်သူဖြစ်ပါသည်။ 

ထို့အပြင် ဦးစည်သူအောင်သည် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍများ၊  မြန်မာနိုင်ငံရှိ လူထုအကျိုးပြု ဘဏ်လုပ်ငန်းဖွံ့ဖြိုးရေး ကဏ္ဍများကို ပံ့ပိုးတိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် ဘဏ္ဍာရေးဆိုင်ရာအသိပညာဗဟုသုတများ မျှဝေခြင်း၊ လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာဆိုင်ရာ အစီအစဉ်များတွင် ကိုယ်အား၊ ဉာဏ်အားဖြင့် ပံ့ပိုးကူညီ၍ ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။

Business Sustainability| Access to Finance| Financial Inclusion| Responsible Business