Myanmar
U Zaw Myo Naing (အထက်တန်းရှေ့နေ)
ပံ့ပိုးပေးနိုင်သည့်နယ်ပယ်များ - ကော်ပိုရိတ်ဥပဒေရေးရာများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးရာများ၊ လိုက်နာဆောင်ရွက်မှုဆိုင်ရာစီမံခန့်ခွဲမှု၊ ဥပဒေအကြံပေး
ဆရာ ဦးဇော်မျိုးနိုင်သည် ဥပဒေ၊ ရှေ့နေရှေ့ရပ်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လိုက်နာဆောင်ရွက်မှုကဏ္ဍများတွင် ဆယ်စုနှစ်ကျော်အတွေ့အကြုံ ရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါသည်။
ဆရာသည် Master of Business Law, LL.B ဘွဲ့နှင့် Dip in Business Law, Dip in Banking ဒီပလိုမာဘွဲ့များကို ရရှိထားသူဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းများတွင် အတွေ့အကြုံရှိ၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ခြင်း၊ Fraud Risk Management၊ ဘဏ်လုပ်ငန်းဆိုင်ရာလိုက်နာဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်းများရေးသားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဥပဒေရေးရာဆိုင်ရာ ဆုံးရှုံးနိုင်ချေရှိမှုများကို စီမံခန့်ခွဲခြင်းတို့တွင် ကျွမ်းကျင်သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစ၍ တစ်ဦးချင်းအတွက်သာမက လုပ်ငန်းအဖွဲ့အစည်းများအတွက်လည်း ဥပဒေရေးရာအကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် ဆရာသည် ဥပဒေရေးရာနှင့် လိုက်နာဆောင်ရွက်ဆိုင်ရာဆောင်းပါးများရေးသားခြင်း၊ ဥပဒေအသိပညာပြန့်ပွားရေးအစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသော ဥပဒေအကြံပေးနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါသည်။
Corporate Laws| Anti-Money Laundering and Counter Terrorism Financing| Compliance Management| Legal Consultation
Recommendations